Thursday, March 31, 2011

နှောင်းလူတို့၌ ဖြစ်ကြကုန်ဧ။်


မြွေဆိုးမြွေဟောက်တသိုက်
အရေခွံလဲလိုက်တာနဲ့
မြွေလိမ္မာတွေဖြစ်
နိုင်ငံသစ်ရဲ့ မျက်လှည့်ပွဲလား။ ။

ဆောင့်ကြောင့်ထိုင်တတ်တဲ့ခွေး
နဲနဲလေးမအူပဲနေပြရုံနဲ့
ညစ်ထပ်ထပ် သတ္တ၀ါမျိုးက
ကေသရာဇာ ဖြစ်ရရိုးလား။ ။

ပုတ်သင်ညိုတွေကိုခေါင်းပေါင်းပေါင်း
အကောင်းစားတောင်ရှည်ဆင်
လွှတ်သဘင်ဝင်ခိုင်းရုံနဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီး
ပုံဖေါ်ပြီးပြီတဲ့လား။ ။

အင်း
ကောသလမင်းရဲ့အိပ်မက်
မှန်ချက်တွေကတော့
ရက်စက်ပါရဲ့။ ။


သီတာအောင်