Sunday, June 19, 2011

ရာဇ၀င်များအတွက်တေးသီငှက်သို့...


ဒဏ္ဏာရီထဲက
မီးလျှံငှက်ဆိုတာ
မီးပုံထဲတခါဆင်းပြီးတိုင်း
မဆိုင်းပဲပျိုမျစ်
အသစ်ပြန်ဖြစ်သတဲ့။

အဲလိုသာဆိုရင်
အမေ့ပြည်ထောင်စု
အမေ့လူထုအတွက်
စေတနာအရင်းခံရင်း
မီးလျှံအတွင်း
အခါခါဆင်းခဲ့တဲ့အမေ။

တကြိမ်ဆင်းပြီးတိုင်း
အနှိုင်းမဲ့နုပျို
ဘယ်အခါမှမအိုပဲ
လန်းဆန်းထင်ရှား
ရာစုနှစ်များစွာတိုင်အောင်
အမိမြေကောင်းကင်ထက်
ဝဲလျက်ပျံသန်းရင်း
ရာဇ၀င်အလှတေးကို
ထာဝစဉ်ဘယဝေးစွာ ကျုးရင့်နိုင်ပါစေ။ ။
သီတာအောင်(ဂျပန်)