Thursday, August 18, 2011

ရှိုက်သံများနဲ့ဧရာဝတီသို့

ဧရာဝတီတဲ့
အမိမြေရဲ့ ရတနာ
အမိမြေရဲ့ နှလုံးသည်းချာ
အမိမြေရဲ့ ကျေးဇူးရှင်တပါးပေါ့။
ပြီးတော့
အမိမြေရဲ့ အလှတရားနဲ့
အမိမြေရဲ့ ဘ၀များစွာအတွက်
ရဲရင့်စွာပေးဆပ်
မြင့်မြတ်တဲ့ နဒီတစင်း။
အခုများမှာတော့
ကြားမိပါသလား
ဧရာဝတီရဲ့ ငိုရှိုက်သံ
မြင်မိပါသလား
ဧရာဝတီရဲ့ နွမ်းလျဟန်။
မေခနဲ့မလိခရင်ခွင်ကြားက
အနိုင်ကျင့်ခံထားရတဲ့
ရာဇ၀င်များရဲ့သတို့သမီးကို
ဒုတိယမြစ်ဝါလိုတော့
အဖြစ်မခံနိုင်တာမို့
သွေးချင်းတို့လက်ကိုယှက်
ရက်စက်တဲ့နွံအတွင်းက
ဧရာဝတီကိုကယ်ထုတ်
မျက်ရည်သုတ်ပေးကြပါစို့။
သီတာအောင်(ဂျပန်)