Monday, July 18, 2011

ကျောက်စာတွင်းမှအလင်းတိုင်များ


ဘာမှလည်းမရှိ
ဘာမှလည်းမသိသူများအတွက်

ကိုယ်ကလည်းမသိ
ကိုယ့်ကိုလည်းမသိသူများအတွက်

ရထိုက်မှန်းသိလျက်
အတောင်းခက်သူများအတွက်

မိမိကိုယ်ကို
လောင်စာတခုလိုသဘောထား
လူထုကိုအလင်းအားပေးရင်း
ဘ၀ကိုစွန့်လှု
စိတ်ဓါတ်တံခွန်ထူသူတို့ဧ။်
မယွင်းမပျက်သော
လင်းလက်မှုတို့သည်
ခေတ်အဆက်ဆက်
အာကာထက်၌
ပုံလွှာမပျက်
တည်စေသော်။ .။