Wednesday, February 23, 2011

“အမေစုသို့  ၀န်ခံခြင်း”
Tuesday, June 30, 2009

အမေရေ
သူစိမ်းကောင်းတယ်ဆိုတာ
ဆွေမျိုးမုန်းသလောက်ရှိသတဲ့၊
ရှေးမြန်မာစကား
ကြားဖူးထားပါရဲ့  ။

အခုများတော့
ဆွေမျိုးက နှိပ်စက်
သူစိမ်းလက်မှာခိုလှုံ
အဖြစ်တွေက အမျိုးစုံလှပေါ့ ။

အသနား ခံလိုခံ
အကြံအဖန်လုပ်လိုလုပ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဒုက္ခ္ခသည်တွေလုပ် ။

အိမ်ရှင်က ငြို ငြင်
ပြန်ပါပြန်ပါ နှင်တဲ့ကြားက
နေမယ်နေမယ်ဆိုတဲ့ စကားနဲ့
ရှေ့ မျက်နှာ နောက်ထားလို့ 
အမေ့ သားသမီးတွေအဖြစ် ။

အရင်းစစ်တော့
အမြစ်မြေက ဆိုသလိုပ
ရာသီဉတု အစ
ဘာသာစကားအဆုံး
လုံးလုံးမှ မတူတဲ့အရပ်
ဘယ်သူက နေတတ်မှာတုန်း ။

ရေအကြည် မြက်အနုတွေ့တဲ့
ပဝေသဏီ ရွှေခေတ်တိုင်းပြည်မှာ
အလဇ္ဇီတွေက အုပ်ချုပ်
ထမင်းတလုပ်တောင် အနိုင်နိုင်မို့ 
တော်ရာကို အဖေါ်ရှာ သွားကြရပေမယ့်
အမေ့ မြေကိုတော့ မေ့မနေခဲ့ကြပါဘူး ။

အမေရေ
ဒီမိုကရေစီဆိုတာကြီး
အမြန်ရပြီး
အမေကအုပ်ချုပ်
သားသမီးတွေက အလုပ်လုပ်လို့ 
ပျော်ပျော်ကြီး ပြန်ဆုံရအောင်
တော်တော်ခရီးလှမ်းသေးပေမယ့်
သမီးတို့ မညည်းတမ်းပါပဲ
ပန်းတိုင်ရောက်တဲ့အထိ
လမ်းခိုင်ခိုင်လျှောက်မယ် အမေ ၊၊

မသီတာအောင်(တိုကျို)

1 comment:

  1. “ရေအကြည် မြက်အနုတွေ့တဲ့
    ပဝေသဏီ ရွှေခေတ်တိုင်းပြည်မှာ
    အလဇ္ဇီတွေက အုပ်ချုပ်
    ထမင်းတလုပ်တောင် အနိုင်နိုင်မို့ 
    တော်ရာကို အဖေါ်ရှာ သွားကြရပေမယ့်
    အမေ့ မြေကိုတော့ မေ့မနေခဲ့ကြပါဘူး ။”
    အရမ်းကောင်းတဲ့ကဗျာလေးပဲ။ ကဗျာတွေရေးပါ။
    အားပေးနေပါတယ်။

    ReplyDelete