မျှော်လင့်ချက်မျက်ရည်စက်များ
တခါတခါ
ငိုချခြင်းခံရမှ
လှပသွားတဲ့
သဘာဝတရားတချို့ရှိနေတယ်
ကောင်းကင်ကြီးငိုမှ
ကမ္ဘာမြေစိမ်းစိုလှပနိုင်မယ်
သျိုမြောင်တောင်တန်းတွေငိုမှ
ရေတံခွန်စိမ့်စမ်းတွေလှပနိုင်မယ်
ရာဇ၀င်ဆိုးတွေငိုမှ
ပစ္စုပ္ပန်တွေတိုးလို့လှပနိုင်မယ်
သေချာတာတခုက
ပြည့်ရန်သူ
အာဏာရှင်တွေငိုမှ
ပြည်ချစ်သူ
ပြည်သူတွေဘဝ
အေးအေးမြမြ
လှပနိုင်မယ်။
သီတာအောင်(ဂျပန်)
အသစ်တင်တာတွေ့လို့ လာဖတ်သွားပါတယ်
ReplyDelete