Tuesday, May 24, 2011

မျှော်လင့်ချက်မျက်ရည်စက်များ

တခါတခါ
ငိုချခြင်းခံရမှ
လှပသွားတဲ့
သဘာဝတရားတချို့ရှိနေတယ်


ကောင်းကင်ကြီးငိုမှ
ကမ္ဘာမြေစိမ်းစိုလှပနိုင်မယ်

သျိုမြောင်တောင်တန်းတွေငိုမှ
ရေတံခွန်စိမ့်စမ်းတွေလှပနိုင်မယ်

ရာဇ၀င်ဆိုးတွေငိုမှ
ပစ္စုပ္ပန်တွေတိုးလို့လှပနိုင်မယ်


သေချာတာတခုက

ပြည့်ရန်သူ

အာဏာရှင်တွေငိုမှ
ပြည်ချစ်သူ

ပြည်သူတွေဘဝ

အေးအေးမြမြ

လှပနိုင်မယ်။


သီတာအောင်(ဂျပန်)