Wednesday, February 23, 2011
Tuesday, June 30, 2009
အမေရေ
သူစိမ်းကောင်းတယ်ဆိုတာ
ဆွေမျိုးမုန်းသလောက်ရှိသတဲ့၊
ရှေးမြန်မာစကား
ကြားဖူးထားပါရဲ့  ။
အခုများတော့
ဆွေမျိုးက နှိပ်စက်
သူစိမ်းလက်မှာခိုလှုံ
အဖြစ်တွေက အမျိုးစုံလှပေါ့ ။
အသနား ခံလိုခံ
အကြံအဖန်လုပ်လိုလုပ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဒုက္ခ္ခသည်တွေလုပ် ။
အိမ်ရှင်က ငြို ငြင်
ပြန်ပါပြန်ပါ နှင်တဲ့ကြားက
နေမယ်နေမယ်ဆိုတဲ့ စကားနဲ့
ရှေ့ မျက်နှာ နောက်ထားလို့ 
အမေ့ သားသမီးတွေအဖြစ် ။
အရင်းစစ်တော့
အမြစ်မြေက ဆိုသလိုပ
ရာသီဉတု အစ
ဘာသာစကားအဆုံး
လုံးလုံးမှ မတူတဲ့အရပ်
ဘယ်သူက နေတတ်မှာတုန်း ။
ရေအကြည် မြက်အနုတွေ့တဲ့
ပဝေသဏီ ရွှေခေတ်တိုင်းပြည်မှာ
အလဇ္ဇီတွေက အုပ်ချုပ်
ထမင်းတလုပ်တောင် အနိုင်နိုင်မို့ 
တော်ရာကို အဖေါ်ရှာ သွားကြရပေမယ့်
အမေ့ မြေကိုတော့ မေ့မနေခဲ့ကြပါဘူး ။
အမေရေ
ဒီမိုကရေစီဆိုတာကြီး
အမြန်ရပြီး
အမေကအုပ်ချုပ်
သားသမီးတွေက အလုပ်လုပ်လို့ 
ပျော်ပျော်ကြီး ပြန်ဆုံရအောင်
တော်တော်ခရီးလှမ်းသေးပေမယ့်
သမီးတို့ မညည်းတမ်းပါပဲ
ပန်းတိုင်ရောက်တဲ့အထိ
လမ်းခိုင်ခိုင်လျှောက်မယ် အမေ ၊၊
မသီတာအောင်(တိုကျို)
Wednesday, February 2, 2011
ရာဇ၀င်ထဲမှာ
ဥတည်ဘွားလည်ပင်း
ထုံးတားခြင်းခံခဲ့ရတဲ့ပြည်ကို
အခု
ပြားပြားဝပ်အောင်ကြောက်
သဘောက်ဘ၀ရောက်နေရတယ်။
ရာဇ၀င်ထဲမှာ
ဝါးရင်းတုတ်နဲ့ရင်း
သိမ်းသွင်းခဲ့တဲ့ပြည်ကို
အခု
ခယ၀တ်တွား
ကျွန်ခံဖို့သွားနေကြရတယ်။
ရာဇ၀င်ထဲမှာ
ကိုယ့်တိုင်းပြည်ကိုအတင်းလာ
ထမင်းရှာစားရတဲ့ပြည်က
အခု
အိုင်တီနည်းမှာကမ္ဘာကျော်လို့
မြန်မာကိုအပေါ်ကကြည့်နေတယ်။
ရာဇ၀င်ထဲမှာ ကြွယ်ဝ
ရာဇ၀င်ထဲမှာ လှပ
ရာဇ၀င်ထဲမှာ တန်ခိုးပြခဲ့တဲ့
ဘိုးဘွားတို့ရဲ့ဒို့ပြည်
အခု
ရာဇ၀င်ထဲကဗိုလ်ချုပ်
မိန့်မြွက်ခဲ့တဲ့အတိုင်း
ရာဇ၀င်ရိုင်းနေပြီမို့
လွမ်းလိုက်မိပါရဲ့
အိုဘယ့် ရွှေရာဇ၀င်....
သီတာအောင်
ဘာပြန်ပေးကြမှာလဲ
Monday, July 27, 2009ဘာပြန်ပေးကြမှာလဲ
သူမသည်
ငိုက်မျည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။
သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။
သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခနြွာအနားပေးရင်း အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။
သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။
သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။
သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။
သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။
သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။
သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။
သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊၊
သူမသည် လူထု
လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘ၀ကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။
သီတာအောင်
Monday, August 23, 2010
Sunday, August 22, 2010
Thursday, August 19, 2010
သံဃံသ၇ဏံ ဂစ္ဆာမိ
Wednesday, August 4, 2010
၈၈၈၈အမှတ်တရ
အဲဒိတုန်းကပေါ့
များလိုက်တဲ့လူအုပ်ကြီး
မျက်စေ့တဆုံး အုန်းအုန်းထပြီး
ကြွေးကြော်သံတိုင်သူတိုင်
အလံကိုင်သူကိုင်နဲ့
တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပေါ့
အဲဒိတုန်းကပေါ့
ထမင်းထုပ်ဝေသူဝေ
ရေအလှူကမ်းသူကမ်းလူတန်းတလျှောက် ရဲရဲတောက်လို့
မိန့်ခွန်းတွေလည်းနားထောင်
လက်ခုပ်သံတွေ မြည်ဟီး
ပြည်ကြီး တုန်မတတ်ပေါ့
အဲဒိတုန်းကပေါ့
စစ်တပ်ဆိုတာ
ပစ်၇င်မှန်အောင်ပစ်သတဲ.
နိုင်ငံကျော်မိန့်ခွန်းအပြီး
တည့်တည့်ကြီးအပစ်ခံဖို့
လက်နက်ပီးနေသလို
အသီးသီး ထွက်လာကြ
လူပင်လယ်ကြီးဖြစ်ရပေါ့
အဲဒိတုန်းကပေါ့
့ကိုယ့်ရှေ့က ဆရာသမား
ဦးနှောက်တွေအဖွေးသားနဲ့ လဲကျ
ဒဏ်ရာဗလပွနဲ့
လူထုရဲ့ညည်းသံ
အဖန်ဖန်ပြန်ကြားရင်း
မေ့မရတဲ့ အိပ်မက်ဆိုး
ရင်ကိုလာလာနှိုးလို့
ပြန်ကိုမတွေးချင်တာ
နှစ်(၂၀)ကျော်ကြာပေါ့
ဘယ်လိုပဲဖြစ်ဖြစ်
အဲဒိတုန်းကပေးဆပ်ခဲ့တဲ့
လေးမြတ်သူတို့ရဲ့ စိတ်ဓါတ်
အဲဒိတုန်းကလူထုအဲဒိတုန်းကညီညွတ်မှု
အခု
ပြန်ရချင်လိုက်တာ။
သီတာအောင်(တိုကျို-ဂျပန်)
၂၀၁၀၊၈လ၊၁ရက်