Thursday, March 31, 2011

နှောင်းလူတို့၌ ဖြစ်ကြကုန်ဧ။်


မြွေဆိုးမြွေဟောက်တသိုက်
အရေခွံလဲလိုက်တာနဲ့
မြွေလိမ္မာတွေဖြစ်
နိုင်ငံသစ်ရဲ့ မျက်လှည့်ပွဲလား။ ။

ဆောင့်ကြောင့်ထိုင်တတ်တဲ့ခွေး
နဲနဲလေးမအူပဲနေပြရုံနဲ့
ညစ်ထပ်ထပ် သတ္တ၀ါမျိုးက
ကေသရာဇာ ဖြစ်ရရိုးလား။ ။

ပုတ်သင်ညိုတွေကိုခေါင်းပေါင်းပေါင်း
အကောင်းစားတောင်ရှည်ဆင်
လွှတ်သဘင်ဝင်ခိုင်းရုံနဲ့
ဒီမိုကရေစီနိုင်ငံတော်ကြီး
ပုံဖေါ်ပြီးပြီတဲ့လား။ ။

အင်း
ကောသလမင်းရဲ့အိပ်မက်
မှန်ချက်တွေကတော့
ရက်စက်ပါရဲ့။ ။


သီတာအောင်

Wednesday, February 23, 2011

“အမေစုသို့  ၀န်ခံခြင်း”
Tuesday, June 30, 2009

အမေရေ
သူစိမ်းကောင်းတယ်ဆိုတာ
ဆွေမျိုးမုန်းသလောက်ရှိသတဲ့၊
ရှေးမြန်မာစကား
ကြားဖူးထားပါရဲ့  ။

အခုများတော့
ဆွေမျိုးက နှိပ်စက်
သူစိမ်းလက်မှာခိုလှုံ
အဖြစ်တွေက အမျိုးစုံလှပေါ့ ။

အသနား ခံလိုခံ
အကြံအဖန်လုပ်လိုလုပ်
ဟုတ်ဟုတ် မဟုတ်ဟုတ်
ဒုက္ခ္ခသည်တွေလုပ် ။

အိမ်ရှင်က ငြို ငြင်
ပြန်ပါပြန်ပါ နှင်တဲ့ကြားက
နေမယ်နေမယ်ဆိုတဲ့ စကားနဲ့
ရှေ့ မျက်နှာ နောက်ထားလို့ 
အမေ့ သားသမီးတွေအဖြစ် ။

အရင်းစစ်တော့
အမြစ်မြေက ဆိုသလိုပ
ရာသီဉတု အစ
ဘာသာစကားအဆုံး
လုံးလုံးမှ မတူတဲ့အရပ်
ဘယ်သူက နေတတ်မှာတုန်း ။

ရေအကြည် မြက်အနုတွေ့တဲ့
ပဝေသဏီ ရွှေခေတ်တိုင်းပြည်မှာ
အလဇ္ဇီတွေက အုပ်ချုပ်
ထမင်းတလုပ်တောင် အနိုင်နိုင်မို့ 
တော်ရာကို အဖေါ်ရှာ သွားကြရပေမယ့်
အမေ့ မြေကိုတော့ မေ့မနေခဲ့ကြပါဘူး ။

အမေရေ
ဒီမိုကရေစီဆိုတာကြီး
အမြန်ရပြီး
အမေကအုပ်ချုပ်
သားသမီးတွေက အလုပ်လုပ်လို့ 
ပျော်ပျော်ကြီး ပြန်ဆုံရအောင်
တော်တော်ခရီးလှမ်းသေးပေမယ့်
သမီးတို့ မညည်းတမ်းပါပဲ
ပန်းတိုင်ရောက်တဲ့အထိ
လမ်းခိုင်ခိုင်လျှောက်မယ် အမေ ၊၊

မသီတာအောင်(တိုကျို)

Wednesday, February 2, 2011

ရာဇ၀င်မြောက်လွမ်းချင်း


ရာဇ၀င်ထဲမှာ
ဥတည်ဘွားလည်ပင်း
ထုံးတားခြင်းခံခဲ့ရတဲ့ပြည်ကို
အခု
ပြားပြားဝပ်အောင်ကြောက်
သဘောက်ဘ၀ရောက်နေရတယ်။

ရာဇ၀င်ထဲမှာ
ဝါးရင်းတုတ်နဲ့ရင်း
သိမ်းသွင်းခဲ့တဲ့ပြည်ကို
အခု
ခယ၀တ်တွား
ကျွန်ခံဖို့သွားနေကြရတယ်။

ရာဇ၀င်ထဲမှာ
ကိုယ့်တိုင်းပြည်ကိုအတင်းလာ
ထမင်းရှာစားရတဲ့ပြည်က
အခု
အိုင်တီနည်းမှာကမ္ဘာကျော်လို့
မြန်မာကိုအပေါ်ကကြည့်နေတယ်။

ရာဇ၀င်ထဲမှာ ကြွယ်ဝ
ရာဇ၀င်ထဲမှာ လှပ
ရာဇ၀င်ထဲမှာ တန်ခိုးပြခဲ့တဲ့
ဘိုးဘွားတို့ရဲ့ဒို့ပြည်
အခု
ရာဇ၀င်ထဲကဗိုလ်ချုပ်
မိန့်မြွက်ခဲ့တဲ့အတိုင်း
ရာဇ၀င်ရိုင်းနေပြီမို့
လွမ်းလိုက်မိပါရဲ့
အိုဘယ့် ရွှေရာဇ၀င်....
သီတာအောင်

ဘာပြန်ပေးကြမှာလဲ

Monday, July 27, 2009

ဘာပြန်ပေးကြမှာလဲ

သူမသည်
ငိုက်မျည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။

သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။

သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခနြွာအနားပေးရင်း အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။

သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။

သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။

သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။

သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။

သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။

သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။

သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊၊

သူမသည် လူထု
လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘ၀ကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။

သီတာအောင်

Thursday, August 19, 2010

သံဃံသ၇ဏံ ဂစ္ဆာမိ

အမိမြေမှာ
အစစ၇ှား
ဒုက္ခများပြီး
အုပ်ချုပ်သူတို့
မတ၇ားလုပ်
ကြမ်းကြုတ်သည့်ဒဏ်
လူထုခံလာ
နှစ်ပေါင်းကြာလည်း
မပြောင်းလဲပဲ
စစ်နွံထဲသာ နစ်ခဲ့ပြီ။
ပြည်သူ့အဖြစ်
်၇င်နင့်နင့်နဲ့
မကြည့်၇က်၇ှာ
မြတ်သံဃာတို့
ပြည်သူ့ေ့၇ှမှာ
မားမားကာ၇င်း
နှစ်ထောင့်ခွန်နစ်
ေ၇တိမ်နစ်ကာ
မိစ္ဆှာလက်တွင်း ဆင်းခဲ့ပြီ။
ဒို့ပြည်ကိုချစ်
သံဃာစစ်တို့
ငြိမ်းချမ်းဖို့အေ၇း
မေတ္တာပေးကာ
အေး၇ာ၇ှာလည်း
မာန်နတ်လက်ထွက်
ပြည်တော်ဖျက်တို့
နှိပ်ကွပ်၇က်စက်ခဲ့ကြပြီ။
၇တနာသုံးပါး
ဦးထိပ်ထား၍
ဂုဏ်တော်ဖေါ်ကျူး
ဂ၇ုဏာထူးအား
ဦးဖြင့်တိုက်ကာ
ဤကဗျာကို
ေ၇းဖွဲ့ပါသည်
သံဃာ့ကျေးဇူး
မြင့်မို၇်ဦးလည်း
ကမ္ဘာကုန်ကျယ်သေ၇ွ့
တည်စေသော်................... သီတာအောင်