Thursday, April 19, 2012

လဲ-ကြသူများ

တချို့တွေက
သိက္ခာတရားကို
အသပြာနဲ့လဲတယ်။

တချို့တွေကတော့
ယုံကြည်မှုတခုနဲ့
အနာဂတ်တွေကိုလဲတယ်။

တချို့တွေက
လူမသမာမှန်းသိလျက်နဲ့
သူတော်ကောင်းနဲ့လဲတယ်။

တချို့တွေကတော့
ငြိမ်းချမ်းရေးစကားအလှတွေဖွဲ့
လက်နက်နဲ့လဲတယ်။

ဘာအတွက်ပဲလဲလဲ
ဘာနဲ့ပဲလဲလဲ
ကိုယ်ရေးတဲ့သမိုင်းကတော့
ဘာနဲ့မှလဲလို့ မရတဲ့
ကိုယ့်သမိုင်းစစ်စစ်
အမြဲ ဖြစ်နေမှာပဲ။ ။

သံလွင်ခ

No comments:

Post a Comment