Friday, January 13, 2012

ရင်တွင်းကဗျာ..

မိန်းမလက်နက်
မျက်ရည်စက်တဲ့
မှတ်မှတ်ရရ
မသုံးဖြစ်လောက်အောင်ရှိတဲ့ကျမ
၁၃ရက်သောကြာအရောက်
လွတ်မြောက်မှုစာမျက်နှာပေါ်က
သူရဲကောင်းခွပ်ဒေါင်းတို့ကိုအမြင်
ပုံရိပ်ထင်ပီပြင်ရာက
မှုံရိပ်ဆင်ဝိုးတ၀ါးဖြစ်မှ
ဂျပန်ဟုက္ကူကဗျာတပိုင်းတစ
သွားသတိရမိပေါ့..
ကိုယ့်ကိုယ်ကိုသူရဲကောင်းကြီးထင်နေတုန်း
ပါးပြင်ပေါ်မှာမျက်ရည်စတွေနဲ့တဲ့.။
သံလွင်ခ

No comments:

Post a Comment