Tuesday, November 8, 2011

စစ်တမ်း

ခပ်လှမ်းလှမ်းဗလာပွဲခင်းက
ဆိုင်းဆင့်သံအကြား
အပြေးအလွှား
ဖျာခင်းဖို့သွားသူသွား
ကလေးကလား
နေရာလုဖို့လွှားသူလွှားနဲ့
ဘယ်သူတွေဘယ်ဆီမြန်းမလဲ
စစ်တမ်းပဲပေါ့.။

သီတာအောင်

No comments:

Post a Comment