Friday, November 18, 2011

အားနာ

ကမ္ဘာမကြေဟစ်ကြွေးသံလည်း
မြေခခဲ့ပြီ
ဒီပရင်္ဂသွေးကြွေးမာန်လည်း
ကြွေကျခဲ့ပြီ
အသက်ပေးခဲ့ကြသူများ
ဘ၀စတေးခဲ့ကြသူများ
ယုံကြည်မှုပေးခဲ့ကြသူများ
ကူညီ၍ဖေးမခဲ့သူများ
အစအလယ်အဆုံး
အလုံးစုံသော
သူရဲကောင်းများအား
အားမနာတတ်သူများကိုယ်စား
ကဗျာရေးသူ
သာမညလူက
လေးစားစွာအားနာပါဧ။်
သံလွင်ခ

No comments:

Post a Comment