Friday, November 18, 2011

မထူးတဲ့သံသရာ

ဖွတ်မိကျောင်းဖြစ်
မြစ်မချမ်းသာတဲ့
အရေခွံလဲမိကျောင်းတွေ
အောင်ပွဲဝေနေချိန်မှာ
အစထဲကနွမ်းလျနေတဲ့မြစ်
လန်းလာနိုင်ပါ့မလား။
တွားသွားသတ္တ၀ါချင်းအတူတူ
တောက်တဲ့တွေတမူထူးလို့
ဈေးမြူးနေချိန်မှာ
အရေခွံလဲကိုမိုဒိုတွေအစား
တောက်တဲ့တွေများဖြစ်သွားရင်
လှစ်ကနဲဈေးကစား
သက်ဆိုင်သူဓနအားတော့
တိုးပွားနိုင်သေးရဲ့။
သံလွင်ခ

No comments:

Post a Comment